အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေများ လှူဒါန်း

ရန်ကုန် နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ ကြက်ခြေနီအသင်းခွဲအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြု နိုင်စေရန် ရည်ရွယ်၍ ငွေကျပ်(၁)သိန်းကို ယမန်နေ့ နေ့လယ်(၁)နာရီ အချိန်က လှူဒါန်းခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲသည် ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများအား စဉ်ဆက်မပြတ် ခေါ်ယူပို့ဆောင်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ကုသရေးလုပ်ငန်းများ တွင် အသုံးပြုနိုင်ရေးအတွက် ဦးသိန်းဝင်း+ဒေါ်သန်းသန်းမြင့် (ဧဝရတ်အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး) စော်ဘွားကြီးကုန်းဝန်း မိသားစုမှ လှူဒါန်းရာ ကြက်ခြေနီအသင်းခွဲ က္ကဋ္ဌ ဦးစည်သူဇော်၊ မြို့နယ်တပ်ဖွဲ့ မှူး ဦးနီထွန်းနှင့် တာဝန်ရှိသူများက လက်ခံ ရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်

ကြက်ခြေနီအသင်းခွဲ အနေဖြင့် လူမှုကူညီရေး လုပ်ငန်းများနှင့်အတူ အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ Quarantine Center (၆)ခု၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ဇွဲထက်ကို(ပြန်/ဆက်)