ကျောက်ပန်းတောင်း နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက် ဆေးကုသမှုခံယူနေသည့်၊ ပိုးတွေ့လူနာများအနက်(၆)ဦးမှာ ရောဂါပျောက်ကင်းသွားပြီဖြစ်၍ ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲအချိန်က ဆေးရုံမှ ဆင်းခွင့်ရရှိသည်။
ကျောက်ပန်းတောင်းမြို့နယ်အတွင်း ပြန်လည်ရောက်ရှိလာသည့် နေရပ်ပြန်များကို သက်ဆိုင်ရာ FQ Center များတွင် Quarantine ထားရှိ၍ swab နမူနာယူစစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ တက် ရောက် ဆေးကုသမှုခံယူစေခဲ့ရာ၊ ဆေးရုံတက်ရောက် ဆေးကုသမှုခံယူနေကြသူများအနက် ဘူတာရပ်ကွက်မှ(၁)ဦး၊ လဲဂွကျေးရွာမှ (၃)ဦး၊ စမ်းပွင့်ကျေးရွာမှ (၁)ဦးနှင့်အိမ်အို ကျေးရွာမှ(၁)ဦး စုစုပေါင်း(၆)ဦးမှ ရောဂါပျောက်ကင်း သက်သာ သွားပြီဖြစ်၍ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်းသိရပြီး၊ အဆိုပါ ဆေးရုံဆွင်းခွင့်ရရှိသူများကို စိတ်ဓာတ်ခွန်အားဖြစ်စေရန်တွက် COVID-19 Volunteer(Kyaukpadaung) လူငယ်အဖွဲ့က ဆေးရုံအထွက်တွင် ပန်းစည်းများကမ်း၍ ကြိုဆိုခဲ့ကြပြီး၊ ကျေးရွာ များအရောက် လိုက်လံပို့ဆောင်ခဲ့ကြကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ယခုအချိန်ထိ ဆေးရုံတက်ရောက် ဆေးကုသမှုခံယူနေသူ ကိုဗစ်- ၁၉ ပိုးတွေ့ လူနာ(၅)ဦး ကျန်ရှိနေသေးကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)