မကွေးတိုင်းဒေသကြီး ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးနှင့်ဇနီး သရက်မြို့တွင် ကြိုတင် ဆန္ဒမဲပေး

သရက် နိုဝင်ဘာ ၂

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်‌ရေးဝန်ကြီးဦးတင်နွယ်ဦးနှင့်  ဇနီးတို့သည် သရက်မြို့အမှတ်(၅)ရပ်ကွက် မဲရုံအမှတ်(၃) တွင် ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီကြိုတင် ဆန္ဒမဲလာရောက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အမှတ်(၅)ရပ်ကွက်တွင် မဲရုံပေါင်း(၄)ရုံရှိကာ   ကြိုတင်ဆန္ဒမဲပေးမည့် အသက်(၆၀)နှစ်အထက် (၅၆၂)ဦး၊ ဝန်ထမ်း(၄၉)ဦး၊ မသန်မစွမ်း(၅)ဦးဖြစ်ကာ စုစုပေါင်းမဲဆန္ဒရှင် (၂၉၂၃)ဦးဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မဲဆန္ဒရှင်များ မဲပေးနိုင်ရန် တာဝန်ရှိသူများက စီစဉ် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သရက်မြို့နယ်အတွင်း၌ နိုင်ငံရေးပါတီ (၆)ခုက ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး မဲဆန္ဒရှင် ပေါင်း(၈၅၀၀၀)ကျော်ရှိကာ မဲရုံပေါင်း(၁၄၃)ရုံရှိကြောင်း သိရသည်။

  ဇော်ထက်(သရက်)