သန်လျင်မှ သက်ကြီးအဘိုး၊ အဘွားနှင့် နွမ်းပါးသူများအား ထောက်ပံ့လှူဒါန်း

သန်လျင်  နိုဝင်ဘာ  ၂

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအုပ်စု၊ နတ်စင်ကုန်းကျေးရွာ (ကွက်သစ်)နှင့် ကညင်ပင်ကျေးရွာတို့မှ သက်ကြီးအဖိုး၊ အဖွားများနှင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံအိမ်ထောင်စု(၂၀၀)တို့အား အခြေခံစားသောက်ကုန်များကို We Love Yangon ဦးဆောင်မှုဖြင့် We Love Thanlyin လူထုအခြေပြု ပရဟိတ အဖွဲ့က အလှူရှင်များကိုယ်စား အိမ်တိုင်ရာရောက် ထောက်ပံ့လှူဒါန်းပေးခဲ့သည်။ 

အဆိုပါ အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာများရှိ သက်ကြီးအဘိုး၊ အဘွားများနှင့် အခြေခံ ပြည်သူများအား တစ်အိမ်ထောင်လျှင် ကျပ်(၂၅၀၀၀)တန်ဘိုးရှိ ဆန်(၁၂)ပြည်၊ ဆီ(၅၀)သား၊ ခေါက်ဆွဲခြောက် (၁)ဖာ၊ ငါးသေတ္တာ(၅)ဘူး၊ အချိုရည်ဘူးများကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခဲ့သည်။

သန်လျင်မြို့နယ်တွင် ကိုဗစ်အတည်ပြု ပိုးတွေ့လူနာ များပြားလာခြင်း၊ သေဆုံးမှုရှိနေခြင်းကြောင့် ရောဂါ ကာကွယ်၊ ကုသရေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီက အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)