အင်းစိန်မြို့နယ်၌ ဘိုကုန်ဈေး မြေညီထပ်ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး

ရန်ကုန်  နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ဈေးဝယ်လာရာတွင် အဆင်ပြေ ချောမွေ့စေရန်နှင့် ဈေးရောင်းချသူများ ရောင်းချရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ ဘိုကုန်ဈေးမြေညီ ထပ်ဆောက်လုပ်နေမှု အချိန်မှီပြီးစီးနိုင်ရေးအတွက် တာတန်ရှိသူများသည် ယမန်နေ့ နံနက်(၈) နာရီ အချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကြည့်ရှုစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ က္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန် ရှိသူများသည် ရွာမအရှေ့ရပ်ကွက်၊ မင်းကြီးလမ်းမှ ဘိုကုန်းဈေးမြေညီထပ်အား EE ဦးစိုးလွင်မှ တာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းများကို စံချိန် စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေးနှင့် လုပ်ငန်းခွင်တွင် အန္တရာယ်ကင်းစွာ ဆောင်ရွက်ရေး စသည် တို့ကို တိုက်တွန်းပြောကြား ဆွေးနွေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန် အကြံပြုမှာကြားခဲ့သည်။

အင်းစိန်မြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဌာန ဆိုင်ရာများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)