ကျိုက်မ​ရော မြို့နယ်၌ ကြိုတင်ဆန္ဒမဲ​ပေးမှု ကွင်းဆင်းကြည့်ရှု စစ်ဆေး

ကျိုက်မရော နိုဝင်ဘာ   ၂

မွန်ပြည်နယ်၊ ကျိုက်မ​ရော မြို့နယ်အတွင်းရှိ ရပ်ကွက်​ကျေးရွာအုပ်စု ​ကော်မရှင်အဖွဲ့ခွဲရုံးများ၊ အ​ခြေခံပညာ​ကျောင်းများ၌ ကြိုတင် ဆန္ဒမဲ​ပေးခြင်း လုပ်ငန်း​ဆောင်ရွက်လျက်ရှိရာ ခရိုင် ​ကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များကြို တင်ဆန္ဒမဲ​ပေးမှု အ​ခြေအ​နေကို ယ​နေ့နံနက် ၉နာရီက ရှင်​စောပုရပ်ကွက်ရှိမဲရုံ(၂) သို့ ကွင်းဆင်း ကြည့်ရှုစစ်​ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်​ဆေးရာတွင်  ခရိုင်​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲမှ ကျိုက်မ​ရောမြို့နယ် တာဝန်ခံ ဦးထိန်ဝင်းထွန်းနှင့် တာဝန်ရှိသူများက ကြိုတင်ဆန္ဒမဲလာ​ရောက် ​ပေး​သော အသက်၆၀နှစ်အထက် ပြည်သူများနှင့်ဝန်ထမ်းများ စနစ်တကျမဲ​ပေးနိုင်​ရေး ​ဆောင်ရွက်ထားရှိမှု အ​​ခြေအနေများ၊ ကိုဗစ်-၁၉ ​​ရောဂါကြိုတင် ကာကွယ်​ရေးအတွက် ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ် ပြန်ထား​သော လမ်းညွှန်ချက် များအတိုင်း ​ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်​ဆေးခဲ့ပြီး လိုအပ်သည်များကို  လမ်းညွှန်မှာကြားခဲ့သည်။

ကျိုက်မ​ရော မြို့နယ်တွင် အသက် ၆၀ နှစ်အထက် ကြိုတင်ဆန္ဒမဲ ​ပေးပိုင်ခွင့်ရှိသူ (၂၁၄၄၆)ဦး ရှိကာ မဲရုံ​ပေါင်း ၉၈ ရုံ၊ ဆန္ဒမဲ​ပေးပိုင်ခွင့်ရှိသူ (၁၈၀၇၈၁)ဦး ရှိ​ကြောင်းမြို့နယ် ​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ချိုချို(ပြန်/ဆက်)