ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအား စားသောက်ကုန်များ လှူဒါန်း

မြဝတီ နိုဝင်ဘာလ ၂

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၄) ရပ်ကွက်တွင်နေထိုင်ကြသည့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများ အတွက် အဆင်ပြေစေရန် မြဝတီမြို့ အမှတ်၄ ရပ်ကွက်ရှိ မေတ္တာလမ်းတွင်နေထိုင်သော ငွေလွှဲလုပ်ငန်းရှင် ဦးအောင်သန်းလင်း နှင့်ဇနီးမေစန္ဒာတို့ ပါဝင်သော ငွေလွှဲလုပ်ငန်းရှင်များက  ယမန်နေ့ နံနက်ပိုင်းက လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ လှူဒါန်းမှုအား ငွေလွှဲလုပ်ငန်းရှင် ဦးအောင်သန်းလင်းနှင့် ဇနီးမေစန္ဒာတို့ပါဝင်သော ငွေလွှဲလုပ်ငန်းရှင်များက မြဝတီမြို့နယ် အတွင်းရှိပဟိက‌‌‌ လော်ကျေးရွာ၊ ထီးမယ်ဝါးခီးနှင့် ရသေ့ဂူကျေးရွာရှိ အိမ်ထောင်စု ၅၀၀ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၆ ပြည်နှင့် ဆီတစ်လီတာ ၁ ဘူး နှုန်းဖြင့် သွားရောက်လှူဒါန်းခဲ့‌ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်