ဟိုပုံးမြို့နယ်တွင် မဲရုံများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ဟိုပုံး နိုဝင်ဘာ ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲ ပေးရာ၌ အသုံးပြုမည့် မဲရုံများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုနှင့် လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ်(၁)၌ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားမှုကြည့်ရှုခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှိုင်ထွေးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ မြို့နယ်မီး သတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသီဟမျိုးဦးနှင့် ဝန်ထမ်းများ၊ မြို့နယ် အရန်မီးသတ်တပ်ရင်းမှ ဒုတိယ တပ်ရင်းမှူး ဦးကျော်သန်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မဲရုံများ အတွင်းအပြင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များ စီစဉ်နေရာချထားမှု၊ အရေး ပေါ်မီးသတ်ဆေးဘူးအသုံးပြု မီးငြှိမ်းသတ်နည်းနှင့် မီးငြှိမ်းသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း  သိရသည်။

နေမင်းထွန်း(ဟိုပုံး)