ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က ကျေးရွာအုပ်စု၌ ကြိုတင်မဲပေးနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

နောင်တရား နိုဝင်ဘာ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ တီကျစ်ကျေးရွာ၌ အသက်(၆၀)နှင့်အထက် သက်ကြီးများ ကြိုတင်မဲပေးနေမှုအခြေအနေများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ် နှင့် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊  မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်း က ကြိုတင်မဲပေးနေမှုအခြေအနေများ ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

အသက်(၆၀)နှင့်အထက် သက်ကြီးများအတွက် ကြိုတင်မဲများကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဖွင့်လှစ်ထားရှိပြီး ကြိုတင် မဲလာရောက်ပေးသည့် မဲဆန္ဒရှင်ပြည်သူများကို အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ လက်ဆေးဗေစင်များထားရှိပေးခြင်း၊ ရေမလို လက်သန့် ဆေးရည်များ ထားရှိပေးခြင်း၊ ခြောက်ပေအကွာဖြင့် စနစ်တကျမဲပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။

ခွန်အောင်(နောင်တရား)