သုံးခွမြို့အမှတ် ၄ရပ်ကွက်တွင် အသက်၆၀နှစ်နှင့် အထက်မဲဆန္ဒရှင်များအား ကြိုတင် ဆန္ဒမဲများ ကောက်ယူ

သုံးခွ နိုဝင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နို၀င်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှစ်နှင့် အထက် ကြိုတင် ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူများအား သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ခွဲများက အောက်တိုဘာဘာ၂၉ ရက်မှ စတင်ကာနေအိမ်များတွင် လိုက်လံ ၍ ကြိုတင်ဆန္ဒမဲများ ကောက်ယူလျက်ရှိကြောင်း သိရှိရသည်။

သုံးခွမြို့ အမှတ် ၄ရပ်ကွက်တွင်လည်း အသက်၆၀နှစ်နှင့် အထက်မဲဆန္ဒရှင်များအား ကျန်းမာရေး မကောင်းသူများအား ကြိုတင်မဲများကောက်ယူလျက်ရှိရာ ယမန်‌နေ့ ညနေ၄နာရီက ဗန်ဒါပင်ဆိပ်လမ်းတွင်ရပ်ကွက်  ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ မဲရုံမှူး၊ ဒုမဲရုံးမှူးနှင့်အဖွဲ့ဝင်များ၊ မဲစာရင်းစစ်ဆေး သူမဲလက်မှတ်ထုတ်ပေးသူ၊ ဆယ်အိမ်မှူး ရာအိမ်မှူး ရပ်မိရပ်များ၊ အထူးရဲများနှင့် ပါတီကိုယ်စားလှယ်များက လိုက်လံ ကောက်ယူခဲ့ကြောင်းသိရသည်။

သုံးခွမြို့အမှတ် ၄ရပ်ကွက်တွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ (၁၂၇၄)ဦးရှိပြီး အသက်၆၀နှစ်နှင့် အထက်မဲပေး ပိုင်ခွင့် ရှိသူ(၂၉၀)ဦးရှိကြောင်း ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးမှသိရပြီး သုံးခွမြို့နယ်တွင် ရပ်ကွက်(၁၂)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု(၆၄)အုပ်စု၌ ဆန္ဒ မဲပေးပိုင်ခွင့် ရှိသူ(၁၂၄၀၉၉)ရှိပြီး မဲရုံ(၁၇၅)ရုံ ထားရှိကာ အသက်(၆၀)နှစ်နှင့် အထက်ကြိုတင် မဲပေးနိုင်သည့် မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း လူဦးရေ (၂၄၁၈၄)ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးမှ သိရှိရသည်။

စည်သူလင်း (ပြန်/ဆက်)