နတ်မောက် နိုဝင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအဆင်ပြေချောမွေ့စွာ အောင်မြင်စေရေးအတွက် ရပ်ကွက်နှင့် ကျေးရွာများမှ ထားရှိဆောင်ရွက်မည့် မဲရုံများသို့ မကွေးခရိုင်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိ ဌာနဆိုင်ရာများက ယမန်နေ့ နေ့လယ် (၂)နာရီခန့်က စတင်၍ ကွင်းဆင်းဆောင်ရွက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြ ကြောင်းသိရ သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မကွေးခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးနိုင်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းမော် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်လွင် နှင့် တာဝန်ရှိဌာနဆိုင်ရာများက ရပ်ကွက်၊ ကျေးရွာများရှိ မဲရုံများတွင် ပြည်သူများမဲပေးရာ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်ကြရန်လိုကြောင်း၊ မဲရုံအခင်းအကျင်းနှင့် မဲရုံလုံခြုံရေး ဆောင်ရွက်ထားရှိမှုတို့အား ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း (နတ်မောက်)