ဆော နိုဝင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ အသုံးပြုရန်အတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ် အခြေခံပညာရေးဦးစီးဌာနမှ မြို့နယ်ပညာရေးမှူး ဒေါ်ညိုညိုရီနှင့် ပညာရေး မိသားစုမှ အလှူငွေ ကျပ်(၆)သိန်းကို ပေးအပ်လှူဒါန်းရာ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမြတ်လေးပန်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းနေ့၌ အဆိုပါ ပညာရေးမိသားစုမှ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေ ကျပ်(၁၀)သိန်းနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အလှူငွေ ကျပ်(၃) သိန်း တို့ကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇော်မျိုးသန့်(ဆော)