တာမိုးညဲ နိုဝင်ဘာ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ကျန်းမာရေး လမ်းညွှန်ချက်နှင့် အညီ ပြည်သူများစနစ်တစ်ကျမဲထည့်နိုင်ရန်အတွက် မဲရုံလုပ်ငန်းများနှင့်မဲပေးပုံ အဆင့်ဆင့်အား လက်တွေ့ ဇာတ်တိုက်သရုပ်ပြသခြင်းကို ယမန်နေ့၊ နံနက်(၁၀)နာရီခန့်အချိန်က မြို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့က သက်ဆိုင်ရာ မဲရုံများတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး မဲဆန္ဒရှင်ပြည်သူများကြိုတင်ဆန္ဒမဲပေးခြင်းကို စတင်မဲပေးလျက်ရှိရာ တာမိုးညဲမြို့၊ မြို့တွင်းရှိ အသက်(၆၀)နှစ်အထက် မဲဆန္ဒရှင်ပြည်သူများက လာရောက်မဲပေးခဲ့ကြသည်။ ထိုသို့ ကြိုတင်ဆန္ဒမဲထည့်ရာတွင် လက်ဆေးကြောခြင်း၊ နှာခေါင်းစည်း တပ်ဆင်စေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး(၆)ပေအကွာဖြင့် ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီ ကြိုတင်မဲများ စနစ်တကျ မဲပေးနေကြ ကြောင်း သိရသည်။
ဌေးဌေးကြည်(ပြန်/ဆက်)