အမရပူရ နိုဝင်ဘာ ၂
အမရပူရမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် မြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်မဲပေးခြင်း ဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် အုပ်စုများခွဲ၍ ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉)နာရီတွင် ဆောင်ရွက်လျက်ရှိသည်။
အမရပူရမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ၊ အုပ်စု(၅၁)အုပ်စုတွင် ဆန္ဒမဲပေး မဲရုံ (၁၃၇)ရုံတွင် အသက်(၆၀)နှစ် နှင့်အထက် မဲဆန္ဒရှင်(၂၆၃၈၂)ဦးကို အောက်တိုဘာလ(၂၉)ရက်မှ နိုဝင်ဘာလ(၅)ရက် နေ့ထိ ကြိုတင်မဲပေးနိုင်ရန် ဆောင်ရွက် ထားရှိသည်။ ကြိုတင်ဆန္ဒမဲကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံ၊မဲရုံမှူးများ၊ တာဝန်ရှိသူများက အသက်(၆၀)နှစ်နှင့်အထက် ဆန္ဒမဲပေးနိုင်ရန် ရပ်ကွက်၊ ကျေးရွာကော်မရှင်ရုံးခွဲများတွင် ဖွင့်လှစ်ထား သော မဲရုံများတွင်လည်း ဆန္ဒမဲပေးနိုင်ရန် စီစဥ်ဆောင်ရွက်ထားခြင်း၊ အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ကျန်မာရေးမကောင်းသူများကို ဆန္ဒမဲပေးနိုင်ရန် အိမ်တိုင်ရာ ရောက်စနစ်ဖြင့် သွားရောက်၍ဆန္ဒမဲများ ကိုရယူပြီး ဆောင်ရွက်မှုများနှင့် မဲရုံများ၏ လိုအပ်ချက်များ၊ မဲရုံ၊ မဲရုံမှူးများ၊ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများ၏ တင်ပြချက် များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲမြင့်နှင့်အဖွဲ့ဝင်များက ကွင်းဆင်းရွက်ခဲ့ကြသည်။
ဟိန်းထက် (အမရ)