လှိုင်းဘွဲမြို့နယ်တွင် မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်

လှိုင်းဘွဲ       နိုဝင်ဘာလ  ၃

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယမန်နေ့က မြို့ကြီးငူအထူးဒေသ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဆောင်ရွက်ခဲ့သည်။

မွေးစမှ အသက်(၂)နှစ်အောက်ကလေးငယ်များအား အသည်းရောင်အသားဝါဘီရောဂါ၊ ပိုလီယို အကြောသေ ရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါနှင့်ဝက်သက်ရောဂါတို့မှ ကာကွယ်ရန်အတွက် အသက်အပိုင်း အခြား အလိုက် ကာကွယ်ဆေးများထိုးပေးခြင်း၊ တိုက်ပေးခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်( ပြန်/ဆက်)