ရေနံချောင်းမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံ စစ်ဆေး

ရေနံချောင်း နိုဝင်ဘာ ၃

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မကွေးတိုင်း ဒေသကြီး ရေနံချောင်းမြို့နယ် အတွင်းရှိ ဆန္ဒမဲပေးရာတွင်အသုံးပြုမည့် မဲရုံများအား မီးဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်မီးသတ် ဦးစီးဌာနနှင့် တာဝန် ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးလင်းထက်အောင်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူးဦးစိုးမင်းဦးနှင့် တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိ မဲရုံများတွင် ရွေးကောက်ပွဲမကျင်းပမီနှင့် ကျင်းပနေစဉ်ကာလအတွင်း မီးဘေးအန္တရာယ်မဖြစ်ပွားစေရန် မဲရုံနှင့် မဲရုံပတ်ဝန်း ကျင်ရှိ စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများ၊ ဟိုတယ်၊ မိုတယ်များတွင် စနစ်တကျမီးသုံးစွဲမှုရှိ မရှိနှင့် ဟောင်းနွမ်း ပေါက်ပြဲနေသော လျှပ်စစ်ပစ္စည်းများ အသုံးမပြုကြရန် လိုက်လံစစ်ဆေးမှာကြားခဲ့ကြောင်း သိရသည်။

စိုးသူအောင်(ပြန်/ဆက်)