ထန်ပါခွေ နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၆ နာရီချိန်မှ ညနေ ၄ နာရီ အချိန်ထိ ကြိုတင်ဆန္ဒမဲများ ပေးလျှက်ရှိသည်။
အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များနှင့် မဲရုံတာဝန်ကျ ကျေးရွာများသို့ သွားရောက် တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ တစ်ဦး ချင်းစီအလိုက် စနစ်တကျ ဆန္ဒမဲပေး နိုင်ရေးအတွက် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ တာဝန်ရှိသူများက စီစဉ် ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။
ထန်ပါခွေမြို့ပေါ်ရပ်ကွက်တွင် မဲဆန္ဒရှင်ပေါင်း (၅၇၃)ဦးရှိရာ အသက် ၆၀ နှစ် နှင့်အထက် မဲဆန္ဒရှင်ပေါင်း (၆၀)ဦးရှိပြီး နိုဝင်ဘာလ ၂ ရက်နေ့တွင် ကြိုတင်ဆန္ဒမဲပေးသူ ကျား(၁၈) ဦးနှင့် မ(၇)ဦး စုစုပေါင်း (၂၅)ဦးရှိကြောင်း ထန်ပါခွေမြို့ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ သိရသည်။
ဟန်ထွန်း(အင်းဝ)