သံတောင်ကြီး နိုဝင်ဘာ ၃
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက် နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပ နိုင်ရန်အတွက် မဲရုံပြင်ပ၌ တာဝန်ယူ ဆောင်ရွက်မည့် ပညာရေးဝန်ထမ်းများ ၊ ကျန်းမာရေးဝန်ထမ်းများ ၊ အထူးရဲများ ၊ စေတနာ့ဝန်ထမ်းများနှင့် ထွေ/အုပ်ဝန်ထမ်းများသာမက မြို့နယ်ရှိဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ရန် နှင့် ရွေးကောက်ပွဲဆိုင်ရာ သတင်း အချက် အလက်များကို အချိန်နှင့် တစ်ပြေးညီတင်ပြနိုင်ရေးအတွက် ဌာနဆိုင်ရာ အကြီးအကဲများ နှင့် ဝန်ထမ်းများအား တာဝန် ချထားရခြင်းဖြစ်ကြောင်း ၊ ရွေးကောက်ပွဲနေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ လူစုလူဝေးမဖြစ်စေရန်အတွက် ဆန္ဒမဲပေး မည့်သူများအား ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက် နိုင်ရေး အတွက်ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဦးဟန်ထူးဇန် နှင့် သံတောင် မြို့ ၊ လိပ်သိုမြို့ ၊ဘောဂလိမြို့ရှိ မြို့အုပ်ချုပ်ရေးမှူး များနှင့်ဌာနဆိုင်ရာများက သံတောင်ကြီး မြို့နယ် အတွင်း မဲရုံ(၉၅)ရုံတွင် တာဝန်ချထားမည့် ဝန်ထမ်းများအား နယ်မြေအလိုက် သတ်မှတ် ပေးခြင်းများအား ပေါင်းစပ်ညှိနှိုင်းဆွေးနွေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)