ဟိုမိန်းမြို့ မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်

ဟိုမိန်း   နိုဝင်ဘာ   

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း မီးသုံးစွဲမှု စစ်ဆေးပညာပေးခြင်းကို ယနေ့ နံနက် နာရီက ဟိုမိန်းမီးသတ်ဦးစီးဌာနမှ ဦးစီး၍ အမှတ်() ရပ်ကွက်နှင့် နားမိုင်ရပ်ကွက်များတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်သူများ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် နားမိုင်ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း မီးသုံးစွဲမှု စစ်ဆေးရာတွင် လျှပ်စစ်မီးသုံးစွဲမှုများ၊ မီးသွေးမီးဖိုသုံးစွဲမှုများကို စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးထားရှိမှုအခြေအနေနှင့် သက်တမ်း ကုန်/မကုန် စစ်ဆေးပေးခြင်း၊ မီးသတ်ဆေးဘူး စနစ်တကျ ကိုင်တွယ်အသုံးပြု၍ မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြခြင်းနှင့် မီးဘေးလုံခြုံရေး အသိပညာပေးခြင်းကို ဟိုမိန်းမီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး အိုက်ခမ်းခိုင် ဦးစီးသော မီးသတ်တပ်ဖွဲ့ဝင် ()ဦးနှင့် အမှတ်() ရပ်ကွက် စာရေးတို့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရဲနောင်(ဟိုမိန်း)