လဲချားတွင် မဲရုံသုံးပစ္စည်းများနှင့် မဲရုံအလိုက် တာဝန်ထမ်းဆောင်ကြမည့်သူများနှင့် မဲဆန္ဒရှင်ပြည်သူများအား ဖြန့်ဝေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများ ဖြန့်ဝေပေး

လဲချား နိုဝင်ဘာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံအလိုက် အသုံးပြုရန် မဲရုံသုံးပစ္စည်းများနှင့် မဲရုံအလိုက် တာဝန်ထမ်းဆောင်ကြမည့်သူများနှင့် မဲဆန္ဒရှင်ပြည်သူများအား ဖြန့်ဝေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် နာရီအချိန်မှစ၍ ဖြန့်ဝေပေးခဲ့သည်။

ထိုသို့ ဖြန့်ဝေပေးရာတွင် မဲရုံသုံးပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့်  KN -95 Face Shield Surgical Gown Medical Cap PPE Lavel-3 ဝတ်စုံ၊ Surgical Glover Protective Face Mask Goggles Boot စသည့် ပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများအလိုက် ထုတ်ပေးခြင်းဖြစ်ပြီး လဲချားမြို့နယ်တွင် မဲရုံပေါင်း (၃၆)ရုံ အတွက် စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

လွှမ်းသူနောင် (ပြန်/ဆက်)