ပန်လုံ၌ မဲရုံအဖွဲ့ဝင်များအား ဆင့်ပွားသင်တန်းပို့ချ

ပန်လုံ  နိုဝင်ဘာ ၃

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၌ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံအဖွဲ့ဝင်များ ဆင့်ပွားသင်တန်းကို နိုဝင်ဘာလ ၁ ရက်နေ့ နံနက်၉ နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်း သံလွင်ဆောင်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများက ဆင့်ပွားပို့ချခဲ့သည်။

ရွေးကောက်ပွဲကာလတွင် မဲဆန္ဒရှင်ပြည်သူများ အချိန်ကြန့်ကြာမှုမရှိစေဘဲ လျင်မြန်လွယ်ကူစွာ ဆန္ဒမဲပေးနိုင်ရန်၊ မဲရုံအဖွဲ့ဝင်များမှ မိမိတို့ထမ်းဆောင်ရမည့်တာဝန်ကို သိရှိပြီး မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ကူညီဆောင်ရွက်ပေးနိုင်ရန် ဆင့်ပွားပို့ချခြင်းဖြစ်ကြောင်း တာဝန်ခံကျောင်းအုပ် ဦးညီညီဆန်းက ပြောကြားခဲ့ပြီး ဒုတိယမဲရုံမှူးများက လက်တွေ့သရုပ်ပြ ရှင်းလင်းဆွေးခဲ့သည်။

ထို့နောက်တက်ရောက်လာသည့်မဲရုံအဖွဲ့ဝင်များက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆင့်ပွားသင်တန်းသို့ ပန်လုံမြို့ပေါ်မှ မဲရုံများတွင် တာဝန်ထမ်းဆောင်မည့်မဲရုံအဖွဲ့ဝင်(၄၈)ဦး တက်ရောက်ခဲ့ပြီး အလားတူ ရပ်/ကျေးမဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံအဖွဲ့ဝင်များအား သက်ဆိုင်ရာမဲရုံမှူး/ ဒုတိယမဲရုံမှူး များက ဆင့်ပွားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပန်လုံပြန်/ဆက်