လှိုင်းဘွဲ နိုဝင်ဘာလ ၃
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖေါ်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် အင်းနို့သိပ္ပံကျေးရွာအုပ်စု ကျွန်းတောကျေးရွာရှိ ရွာတွင်းကွန်ကရစ်လမ်း ခြင်းလုပ်ငန်းကို ယမန်နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက်နေခဲ့ကြောင်းသိရသည်။
အဆိုပါ ကွန်ကရစ်လမ်းသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)မှ ထောက်ပံ့ငွေ (၂၀,၀၀၀,၀၀၀)ကျပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ပြီး လမ်း(အရှည် ၁၃၀၀ပေ ၊ အကျယ် ၁၂ပေ ၊ အထူ ၆လက်မ)တို့ဖြင့် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏စနစ်တကျလမ်းညွန်မှု၊ လက်ထောက်နည်းပညာမှူး ဒေါ်ဇီဇဝါပွင့်၊ လူထုစည်းရုံးရေးမှူး နန်းစန်းစန်းမြင့် တို့၏ အနီးကပ်ကြီးကြပ်မှူနှင့် ကျေးရွာသူ/ကျေးရွာသားတို့၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)