မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ် မဲရုံများတွင် ကျန်းမာရေးတာဝန်ကျသူများ လိုက်နာဆောင်ရွက် ရမည့် လုပ်ငန်းများ သင်တန်းပို့ချ

ချောင်းဆုံ နိုဝင်ဘာ ၃

မော်လမြိုင်ခရိုင် ၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မဲရုံများတွင် ကျန်းမာရေးနှင့်ပတ်သက်သည့် လုပ်ငန်း တာဝန်များ ဆောင်ရွက်ကြမည့် မဲရုံဝန်ထမ်းများ နှင့် လုပ်အားပေးများ လိုက်နာ ဆောင်ရွက် ရမည့်လုပ်ငန်းများကို ယနေ့ နံနက်(၉) နာရီက မြို့နယ်ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ တွင် သင်တန်းပို့ချခဲ့ကြောင်းသိရသည်။

အဆိုပါ သင်တန်းကိုမြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သူဇာဝင်း နှင့်  သင်တန်းနည်းပြ(၂) ဦး တို့မှ မဲရုံများတွင် ကျန်းမာရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ဆောင်ရန် /ရှောင်ရန် အချက်များ ပို့ချခဲ့ပြီး သင်တန်းကို မဲရုံများတွင် ကျန်းမာရေးတာဝန်ကျ ကျန်းမာရေး ဝန်ထမ်းများ နှင့် သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား/သူများ စုစုပေါင်း သင်တန်းသား/သူ (၇၅) ဦး  တက်ရောက်ခဲ့ကြသည်။

ချောင်းဆုံမြို့နယ်တွင် မဲဆန္ဒနယ်မြေ အမှတ်(၁) ၊ အမှတ် (၂) ရှိပြီး မဲရုံ စုစုပေါင်း (၇၅) ရုံကို ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ထားမှု ရှိ/မရှိ ကို နိုဝင်ဘာ (၆) ရက်နေ့မှ (၇) ရက်နေ့ထိ (၂) ရက် မြို့နယ်ဆရာဝန်ကြီး နှင့် တာဝန်ရှိသူများကလိုက်လံ စစ်ဆေးသွား မည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှသိရသည်။

ကေအေ(ချောင်းဆုံ)