မော်လမြိုင် နိုဝင်ဘာ ၃
မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊အောက်တိုဘာ(၁၉)ရက်မှ နိုဝင်ဘာလ(၅) ရက်နေ့ အထိ အသက်(၆၀)နှစ်နှင့်အထက်မဲဆန္ဒရှင်ပြည်သူများကြိုတင်ဆန္ဒမဲပေးခြင်းကို မြို့နယ် အတွင်း ကျေးရွာ/ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးနှင့် သတ်မှတ်နေရာ အသီးသီးများ တွင်ပြုလုပ်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စစ်ကဲကုန်းရပ်ကွက်တွင်ယနေ့နံနက်(၈)နာရီမှညနေ(၆)နာရီ အတွင်း ကြိုတင်ဆန္ဒမဲများပေးရမှာဖြစ်ပြီးသတ်မှတ်နေရာများသို့လာရောက်မဲမပေးနိုင်သည့်အသက်အ ရွယ်ကြီးသောမဲဆန္ဒရှင်ပြည်သူများထံသို့တာဝန်ရှိသူများမှအိမ်တိုင်ရာရောက်ကြိုတင်ဆန္ဒမဲပေး နိုင်ရန်စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းသိရသည်။မော်လမြိုင်မြို့နယ်တွင်ကြိုတင်ဆန္ဒမဲ ပေးနိုင်သည့်မဲဆန္ဒရှင်စာရင်းမှာ(၃၆၀၀၀)ကျော်ရှိကြောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ထံမှသိရ သည်။
ပြည်နယ်(ပြန်/ဆက်)