သထုံခရိုင် ကျိုက်ထိုမြို့နယ်တွင် မဲရုံသုံးပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သုံး ပစ္စည်းများရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများသို့ထုတ်ပေး

ကျိုက်ထို နိုဝင်ဘာ ၃

သထုံခရိုင်၊ကျိုက်ထိုမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပ ပြုလုပ် မည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်  အသုံးပြုရန်အတွက်  မဲရုံသုံး ပစ္စည်းများ နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများကို   ရွေးကောက်ပွဲကော်မရှင်  အဖွဲ့ခွဲရုံးမှ   ရပ်ကွက် / ကျေးရွာအုပ်စုများရှိ    ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့   ယနေ့   နံနက်ပိုင်း တွင်  ထုတ်ပေးခဲ့ကြောင်း သိရသည်။  

ထိုမဲရုံသုံးပစ္စည်းများ  ထုတ်ပေးရာတွင်  ဆန္ဒမဲလက်မှတ်၊  မင်ဘူး၊   တံဆိပ်တုံးအပိုဆောင်း၊  Hand Gel ၊  Face Shield၊ Appron Hand Spary၊    လည်ဆွဲကတ်၊ လက်ကမ်းစာစောင်များ၊  ဗွီနိုင်း များကို ထုတ်ပေးခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်အနေဖြင့်  ၂၀၂၀ပြည့်နှစ်  ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲတွင်  မြို့ပေါ်(၁၀)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၃)အုပ်စု၊  မဲရုံ (၉၅)ရုံရှိပြီး  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေ စုစုပေါင်း(၁၃၈၃၆၆) ဦးရှိကြောင်း   ရွေးကောက်ပွဲကော်မရှင်  အဖွဲ့ခွဲရုံးမှ  သိရသည်။

သန်းသန်းမော်(ပြန်/ဆက်)