ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် Myanmar Rescue Kyaukse သို့ အလှူငွေ နှင့်ကျန်းမာရေးသုံးပစ္စည်များ လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကြက်မင်းတွန် ရပ်ကွက်ရှိ Myanmar Rescue Kyaukse လူမှုကူညီရေးအသင်းသို့ ယမန်နေ့ညနေ(၅)နာရီက အလှူငွေနှင့်ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြု ရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက် များတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း အများပြည်သူများသွား လာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ဘောဂလိမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ကွင်းဆင်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင် ဘောဂလိမြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဆန္ဒမဲပေးနိုင်ရန်၊ မဲရုံများ မီးဘေး အန္တရာယ်ကင်းဝေး စေရန်ရည်ရွယ်၍ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ကွင်းဆင်းဆောင်ရွက် ခြင်းကို ဘောဂလိမြို့မီးသတ်ဦးစီးဌာနမှ အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

တံတားဦးမြို့ ပြည်သူ့ဆေးရုံသို့ Monitor စက်တစ်လုံးနှင့် အောက်ဆီဂျင်အိုးနှစ်လုံးလှူဒါန်း

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ Monitor စက်တစ်လုံးနှင့် အောက်ဆီဂျင်အိုး နှစ်လုံးလှူဒါန်းခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ် ဆေးရုံအတွင်း၌ ကျင်းပကြောင်းသိရသည် ။

ရန်ကင်းမြို့နယ်တွင် အသား၊ငါး ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်များရွှေ့လျားယာဉ်ဖြင့် ဒုတိယအကြိမ်လာရောက်ရောင်းချပေး

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်တို့မှကြီးမှူး၍ ညီနောင်လုပ်ငန်းရှင်အသင်းများမှ ပြည်သူများဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသုံးစေနိုင်ရေး၊ မိမိတို့၏နေအိမ်မှဝေးကွာနေသော ဈေးများသို့ သွားရောက် ဝယ်ယူမှုမရှိစေရေး၊ ကူးစက်ရောဂါကာကွယ်စေနိုင်ရေးတို့အတွက် ယမန်နေ့နံနက် (၇)နာရီမှ (၁၀)နာရီ အထိ ရန်ကင်းမြို့နယ် အမှတ်(၄)ရပ်ကွက်၊ ရန်နိုင်လမ်းသွယ် (၇) နှင့်   အမှတ်(၁)ရပ်ကွက်၊ (၁၂)လုံးတန်း မီးပွိုင့်အနီးတွင် အသား ၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့်စားသောက်ကုန်များအား စျေးကားများ ဖြင့် ​လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

မအူပင်မြို့မရဲစခန်းတွင်တာဝန်ထမ်းဆောင်သည့်ရဲတပ်ဖွဲ့ဝင်များနှင့်အချုပ်သားများအား ကိုဗစ်- ၁၉ရောဂါပိုး ကူးစက်မှုရှိ/ မရှိစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်သည့် ရဲတပ်ဖွဲ့ဝင်များနှင့် အချုပ်သားများအား ကိုဗစ်- ၁၉ရောဂါပိုးကူးစက်မှု ရှိ/ မရှိ ကို မအူပင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခင်မာစိုးနှင့်ကျန်းမာရေးဝန်ထမ်းများက RDT( Test Kit) ဖြင့် နိုဝင်ဘာ ၂ ရက် ည ၈ နာရီက မအူပင်မြို့ မြို့မရဲစခန်းတွင် စစ်ဆေးဆောင်ရွက်ခဲ့သည်။

ပုဇွန်တောင်မြို့နယ် အ.လ.က(၃) Quarantine Centerတွင် Quarantine ဝင်ရောက်နေသောသူများ (၇)ရက်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး Negative ဖြစ်သူ (၅)ဦး နေအိမ်ပြန်ခွင့်ရ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၃) အခြေခံပညာ အလယ်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် Quarantine Center တွင် အနံမရသည့်လူနာများအား စောင့်ကြပ်ကြည့်ရှု့မှုများ ပြုလုပ်ခဲ့ရာ ၂၈.၁၀.၂၀၂၀ ရက်နေ့တွင် Quarantine ဝင်သည့် ကျား(၃) ဦး၊ မ(၂)ဦး ကိုဗစ်-၁၉ Negative အဖြေ ထွက်၍ စောင့်ကြည့်(၇)ရက်ပြည့်သဖြင့် ယနေ့နံနက်(၁၀)နာရီခွဲအချိန်တွင် မိမိတို့၏နေအိမ် အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မန္တလေးမြို့၊ ၄၁ လမ်း ကုန်စိမ်းတန်း ညဈေးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူနာနှင့် ထိစပ်မှုရှိသည့် ဆိုင်ခန်း ၁၃၁ ခန်းအား ယာယီပိတ်ထား

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် ကမ်းနားလမ်းရှိ ၄၁ လမ်း ကုန်စိမ်းတန်း ညဈေးတွင် ဈေးသည် ၇ ဦး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရခြင်းကြောင့် ပိုးတွေ့လူနာနှင့် ထိစပ်မှုရှိသည့် ဆိုင်ခန်း ၁၃၁ ခန်းအား နိုဝင်ဘာ ၂ ရက်ကစတင်ပြီး ယာယီပိတ်သိမ်းထားကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီထံက သိသည်။

မြောင်းမြမြို့နယ်အတွင်း အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြရွှေဝါခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် နှစ်လ မှ တစ်နှစ်ခွဲထိကလေးငယ်များကိုကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်များအားကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို နိုဝင်ဘာ ၃ ရက် နံနက် ၈ နာရီခွဲက အမှတ်(၃) ရပ်ကွက် ညောင်အိုင်ဘုန်းတော်ကြီးကျောင်း၌ ပုံမှန်ကာ ကွယ်ဆေးထိုးနှံတိုက်ကျွေးပေး လျက်ရှိကြောင်း သိရသည်။
Subscribe to