ကျောက်မဲ နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယမန်နေ့အထိ ကြိုတင်ဆန္ဒမဲပေးသူပေါင်း ၁၅၄၆ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးတွင် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ၊ မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများနှင့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများသည် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများ၌ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် မဲရုံပေါင်း ၉၉ ရုံရှိပြီး မဲဆန္ဒနယ် အမှတ် ၁ ၌ မဲဆန္ဒရှင် ၆၇၆၂၉ ဦး၊ မဲဆန္ဒနယ် အမှတ်(၂) ၌ မဲဆန္ဒရှင် ၅၀၄၆၆ ဦး၊ စုစုပေါင်း မဲဆန္ဒရှင် ၁၁၈၀၉၅ ဦး ရှိရာ နိုဝင်ဘာလ ၂ ရက်နေ့အထိ အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အို ၈၃၆ ဦးနှင့် အခြားကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၇၁၀ ဦး စုစုပေါင်း ၁၅၄၆ ဦး လာရောက် မဲပေးပြီး ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးထံမှ သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)