နမ့်ဆန်၌ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် နေထိုင်သူများအား ကြိုတင်ဆန္ဒမဲကောက်ယူ

နမ့်ဆန် နိုဝင်ဘာ

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက  ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ()ရက်နေ့ကစ၍ စတင်ဆောင်ရွက်လျက်ရှိပြီး နေ့မွန်းလွဲ()နာရီက မင်္ဂလာရပ်ကွက်တွင် နေထိုင်ပြီး မန်ပန်ကျေးရွာ အသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်း စောင့်ကြပ်ကြည့်ရှုခံရသူ()ဦးကို ကြိုတင်ဆန္ဒမဲကောက်ယူခဲ့ကြောင်း သိရသည်။

အဆိုပါ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းရှိ စောင့်ကြပ်ကြည့်ရှုခံရသူ ()ဦးသည် မင်္ဂလာရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ရောဂါပိုးကူးစက်ဖြစ်ပွားသည့်မြို့မှ ပြန်သူ၊ လာသူဖြစ်၍ မန်ပန်ကျေးရွာ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် စောင့်ကြပ်ကြည့်ရှုထားရာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မင်္ဂလာရပ်ကွက် ကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မန်ပန်ကျေးရွာ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းအထိ သွားရောက်၍ ကြိုတင်ဆန္ဒမဲ ကောက်ယူခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နမ့်ဆန်မြို့နယ် မင်္ဂလာရပ်ကွက်တွင် မဲရုံ()ရုံ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ(၇၅၂)ဦး ခန့်ရှိကြောင်း မင်္ဂလာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်သိန်းထံမှ သိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)