ဖျာပုံ နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒမဲပေးရာတွင် ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး၊ မဲပေးရမည့်နည်လမ်းများကို တစ်ဆင့်ပြီး တစ်ဆင့် သိရှိနိုင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန် စသော ပညာပေးလက်ကမ်း စာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က ဖျာပုံမြို့နယ် မြောက်ပိုင်းစျေးနှင့် ချောင်းတွင်းလမ်းမကြီးဘေး၊ လမ်းသွားလမ်းလာ ပြည်သူများအားလိုက်လံဖြန့်ဝေးပေးကြသည်။
အဆိုပါရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်များအနေဖြင့် မဲပေးရာတွင် ကိုဗစ် ၁၉ ရောဂါကြောင့် ဆန္ဒမဲပေးပိုင်ခွင့်ကို မဆုံးရှုံးစေရေး၊ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး၊ ဆန္ဒမဲပေးရမည့် နည်းလမ်းများကို တစ်ဆင့်ပြီးတစ်ဆင့် ကြည့်ရှုလေ့လာနိုင်စေရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဒုတိယဦးစီးမှူး ဒေါ်မာမာလွင်နှင့် ဝန်ထမ်းများသည် လူစည်ကားရာ ဖျာပုံမြို့နယ်ရှိ မြောက်ပိုင်းစျေးနှင့် ချောင်းတွင်းလမ်းမကြီးတွင် စျေးသွားစျေးပြန် ပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို လိုက်လံဝေငှပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)