နတ်မောက်မြို့နယ်ရှိမဲရုံများအားမီးဘေးလုံခြုံရေးအတွက်စစ်ဆေးခြင်းဆောင်ရွက်

နတ်မောက်      နိုဝင်ဘာ ၄                  

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်မီးသတ်တပ်ဖွဲ့ရှိ တာဝန်ရှိသူများက ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ  နိုဝင်ဘာလ (၈)ရက်နေ့တွင် အသုံးပြုမည့်မဲရုံများသို့ မီးဘေးလုံခြုံ ရေးအတွက် ယမန်နေ့ နေ့လည်ပိုင်းက မြို့ပေါ်(၇)ရပ်ကွက် ၊ သမှုန်းကုန်းနယ်မြေနှင့် အနီးဝန်းကျင်ရှိ မဲရုံများ၊ ရွာမွန်နယ်မြေနှင့်အနီးဝန်းကျင်ရှိ မဲရုံများအား မီးဘေးလုံခြုံရေး စစ်ဆေးခဲ့ကြောင်း သိရသည်။                              

ထိုသို့ မီးဘေးလုံခြုံရေး စစ်ဆေးရာတွင် နတ်မောက်မြို့နယ် မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိနှင့် မီးသတ် တပ်ဖွဲ့ဝင်များက မဲရုံများ နှင့်မဲရုံဝန်းကျင်ရှိ နေအိမ်များသို့ သွားရောက်၍ မီးသုံးစွဲမှုများအားစစ်ဆေးခြင်း မဲရုံများတွင် အသုံးပြုမည့် မီးသတ်ဆေးဘူးများအား စစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးအသုံးပြုနည်းကို လက်တွေ့ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လှဝင်း(နတ်မောက်)