မအူပင်မြို့တွင် (၁၀၈) ကြိမ်မြောက် သီတင်းကျွတ် တာဝတိံသာ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော် ပူဇော်ပွဲ မြို့တွင်းသို့ ဒေသစာရီကြွချီအပူဇော်ခံ

မအူပင်  နိုဝင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မဟာဗောဓိကျောင်းတိုက် ဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် ဂေါပကအဖွဲ့မှ နှစ်စဉ်ကျင်းပလျက်ရှိသည့် (၁၀၈)ကြိမ်မြောက် သီတင်ကျွတ်လ တာဝတိံသာ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော် လှည့်လည်ပူဇော်ပွဲကို နိုဝင်ဘာလ (၁)ရက်၊ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ (၅)ရက်နေ့အထိ မြို့တွင်းနှင့် ဆက်စပ်သည့် မြို့အဝင်များသို့ ဒေသစာရီကြွချီ အပူဇော်ခံမည်ဖြစ်သည်။

အဆိုပါ ဗုဒ္ဓပူဇနိယဘုရားပွဲတော်အား နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသော်လည်း ယခုကာလတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကာလဖြစ်သဖြင့် အခါအားလျော်စွာ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား လိုက်နာပြီး ပြည်သူများဘေးအန္တရာယ် ကင်းဝေးစေရန် အန္တရာယ်ကင်း ပရိတ်ရွတ်ပွားကာ လူစုလူဝေးမဖြစ်စေရန် ဖိတ်ကြားထားသော ဝေယျာ၀စ္စအဖွဲ့ဖြင့် မွန်းလွဲ (၁)နာရီမှစ၍ သတ်မှတ်ထားသော ရပ်ကွက်လမ်းများသို့ လှည့်လည်သွားမည်ဖြစ်ကြောင်းသိရသည်။

အောင်ခိုင်၊ (မအူပင်)