လောင်းလုံးမြို့၊ (ခ)ရပ်ကွက်တွင်မဲရုံအမှတ်(၁)၌ ကြိုတင်မဲပေးခွင့်ရှိသူများ မဲပေးခြင်းဆောင်ရွက်

လောင်းလုံး နိုဝင်ဘာ ၄

 တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့(ခ)ရပ်ကွက်၊ မဲရုံအမှတ်(၁)၌ ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ (၁၂၅)ဦးရှိကြောင်း ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အဆိုပါ(ခ) ရပ်ကွက်ရှိမဲရုံအမှတ်(၁)တွင် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း (၁၂၅)ဦး ရှိပြီး အသက်(၆၀)နှစ်နှင့်အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မိမိအမည်စာရင်းပါရှိသော မဲဆန္ဒနယ်မှ ကျော်လွန်၍ နိုင်ငံတော်တာဝန်များဖြင့် ခရီးသွားလာရန်ရှိသော နိုင်ငံ့ဝမ်ထမ်းများ၊ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများရှိကာ ကြိုတင်ဆန္ဒမဲပေးသူများအနေဖြင့် အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၅ ရက်နေ့အထိ ကြိုတင် ဆန္ဒမဲများကို ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကိုယ်တိုင်သွား ရောက်ပေးနိုင်ပြီး၊ ကျန်မာရေးအခြေအနေအရ ကိုယ်တိုင်သွားရောက်ရန်ခက်ခဲပါက ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးသို့ သတင်းပေးပို့လျှင် နေအိမ်တွင် ကြိုတင်မဲပေး နိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်သိရသည်။

သိန်းသိန်း (ပြန်/ဆက်)