ပုသိမ်မြို့တွင် အသက် ၆၀ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ ကြိုတင်ဆန္ဒမဲများပေး

ပုသိမ်  နိုဝင်ဘာ  ၄

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့ ၂၀၂၀ပြည့်နှစ်နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပုသိမ်မြို့တွင် အသက် ၆၀ နှစ်နှင့်အထက် အဘိုး၊ အဘွားများနှင့် ကြိုတင် မဲပေးပိုင်ခွင့်ရှိသူများသည့် အောက်တိုဘာ ၂၉ ရက်မှစ၍ သက်ဆိုင်ရာ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုနင်ဆန္ဒမဲများ ဆက်လက်ပေးနေကြသည်။

မဲပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဖြစ်စေရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။ ကြိုတင်ဆန္ဒမဲများကို နိုဝင်ဘာ ၅ ရက်နေ့အထိကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပုသိမ်မြိုနယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ၇၈၊ မဲရုံပေါင်း ၂၀၀ ၊ မဲပေးပိုင်ခွင့်ရှိသူပေါင်း၂၇၄၅၈၀ ဦးရှိကြောင်း သိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)