မိုးမိတ်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာ‌စောင်များဖြန့်ဝေ

မိုးမိတ်    နိုဝင်ဘာ    ၄        

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ မဲပေးရာ တွင်အဆင်ပြေချောမွေ့စေရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေသည့်  ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၁ နာရီ အချိန်တွင် မြောက်ပိုင်း ရပ်ကွက်နှင့် မြို့မဈေးတို့တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါလက်ကမ်းစာစောင်များတွင် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် မဲပေးရမည့် နည်းလမ်းများ၊ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးပါ၊  ဆန္ဒမဲမပေးခင် သင်ကူညီဆောင်ရွက်နိုင်သည့် အချက်များ၊ ကိုဗစ်-၁၉ ကြောင့် သင်၏ဆန္ဒမဲပေးပိုင်ခွင့်ကို မဆုံးရှုံးပါစေနဲ့၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကိုလိုက်နာပါ၊ သင်ဟာ မဲသုံးကြိမ် အနည်းဆုံး ပေးရမယ်ဆိုတာ မှတ်သားပေးပါ ဟူသော အချက်များပါဝင်ကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)