ဘောဂလိမြို့၌ အသက် (၂) နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက် ကျွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး

ဘောဂလိ နိုဝင်ဘာ ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ယနေ့နံနက် (၈) နာရီ အချိန်က မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘောဂလိမြို့တိုက်နယ် ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဖြိုးနန္ဒာဦးက  ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရခြင်းနှင့်ပတ်သက်၍ ကာကွယ်နိုင်သည့် ရောဂါများ အကြောင်းကို အသိပညာပေးပြောကြားပြီး ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ ဝက်သက်၊ ဂျိုက်သိုး၊ ငါးမျိုးစပ်၊ ပြင်းထန်အဆုတ်ရောင်၊ ဂျပန်ဦးနှောက်ရောင်ရောဂါ   အစရှိသည့်   ကာကွယ်ဆေးတို့ကို  ထိုးနှံ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ဘောဂလိ(ပြန်/ဆက်)