ထန်းတပင်မြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

ထန်းတပင် (ပဲခူး) နိုဝင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက် (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း ကလေးငယ်များအား ကျန်းမာရေး စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကျန်းမာရေးဦးစီးဌာနမှ  ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကလေးနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရန်နှင့် လူစုလူဝေးမဖြစ်ပေါ် စေရန်အတွက် ကလေး ငယ်များအား အလှည့်ကျဆေးထိုး ဆေးတိုက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆေးထိုးဆေးတိုက်ဆောင်ရွက်ရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား အသက်အရွယ်အလိုက် လစဉ် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ  ဦးနှောက် အမှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး ပြင်းထန်အဆုပ်ရောင် ဝက်သက် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး စသည်တို့ကို ထိုးနှံပေးခြင်း၊ ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ကိုယ်ဝန် ဆောင် မိခင်များအား မေးခိုင်ဆုံဆို့ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြာင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)