ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် We Love Yangon (Kungyangon)အဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ သွားရောက်လှူဒါန်း

ကွမ်းခြံကုန်း နိုဝင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း လက်လုပ်လက်စား အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စားသောက်ကုန်ပစ္စည်းများအား (We Love Yangon)အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် (We Love Kungyangon)အဖွဲ့မှ မြိုင်သာယာကျေးရွာ၊ အင်းကွတ်ကျိုက်ပတ်ကျေးရွာများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရ သည်။
အဆိုပါလှူဒါန်းမှုတွင် မြိုင်သာယာကျေးရွာရှိ အိမ်ထောင်စု(၆၈)စု၊ အင်းကွတ်ကျိုက်ပတ်ကျေးရွာရှိ အိမ်ထောင်စု(၅)စု၊ ဝင်ငွေနည်းပါးသော စုစု‌ပေါင်း အိမ်ထောင်စု(၇၃)စု အတွက် အိမ်ထောင်စု(၁)စု လျှင် ဆန်(၁၂)ပြည်၊ ဆီ(၅၀)သားတစ်ဘူး၊ ငါးသေတ္တာ(၅)ဘူး၊ ခေါက်ဆွဲခြောက်အထုပ်(၃၀)၊ (Royal D) အအေး(၂)ဘူး တို့ကို အိမ်တိုင်ရာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
(We Love Yangon )လူထုအခြေပြု ပရဟိတအဖွဲ့သို့ အနယ်နယ်အရပ်ရပ်မှ လှူဒါန်းထားသော အလှူရှင်များကိုယ်စား(We Love Kungyangon)အဖွဲ့မှ သွားရောက်လှူဒါန်းပေးခြင်းဖြစ်ပြီး မြို့နယ်အတွင်း ကျေးရွာများရှိ ဝင်ငွေနည်းပါး၍ စီးပွားရေးအခက်အခဲနှင့် ကြုံနေသော အိမ်ထောင်စု (၇၇)စုအား ပထမအကြိမ် သွားရောက်လှူဒါန်းပေးခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် လှူဒါန်းခြင်း ဖြစ်ကြောင်း (We Love Kungyangon)အဖွဲ့မှ သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)