ဝက်လက် နိုဝင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ဝက်လက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ မဲရုံများတွင် ဆောင်ရွက် နိုင်ရန် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနရုံးတွင် စတင်ထုတ်ပေး လျက်ရှိကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် NK-95 အမျိုးအစားနှာခေါင်းစည်းMasks များ၊PPE ဝတ်စုံများ အပါအဝင် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်ရာတွင် ရပ်ကွက်၊ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ. နှင့် အတွင်းရေးမှူးများထံသို့ မဲရုံတစ်ခုချင်းစီအလိုက် မြို့နယ်မှ စနစ်တကျ ထုတ်ပေးခဲ့ကြောင်း သိရပြီး ဝက်လက်မြို့နယ်အတွင်း ရက်ကွက်၊ကျေးရွာ (၇၂) အုပ်စုမှ မဲရုံပေါင်း (၁၃၄) ရုံ အတွက် ထုတ်ပေးထားရှိရာ အဆိုပါပစ္စည်းများကို နိုဝင်ဘာလ ၈ ရက်နေ့ ဆန္ဒမဲ ပေးသည့်နေ့တွင် မဲရုံအဖွဲ့ဝင်များ၊စေတနာ့ဝန်ထမ်း မဲရုံအကူများ၊ဆန္ဒမဲ လာရောက်ပေးသည့် မဲဆန္ဒရှင်များ အသုံးပြုနိုင်ရန် ထုတ်ပေးခြင်းဖြစ်ကြောင်းသိရှိပါသည်။
စိုးစိုးလှိုင် (ဝက်လက်)