ဒေးဒရဲ နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဖွင့်လှစ်ထားသည့် Facility Quarantine Centre များတွင် Quarantine ဝင်ရောက်လျက်ရှိသူများအား အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၈ နာရီမှစ၍ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်များအာ ဒေးဒရဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်စန္ဒာလွင် ခေါင်းဆောင် သောအဖွဲ့က ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာသော စိတ်ဖိစီးမှုကို ဖြေရှင်းခြင်းဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များအား ဒေးဒရဲမြို့နယ်တွင် ဖွင့်လှစ်ထားသည့် Facility Quarantine Centre များတွင် Quarantine ဝင်ရောက်လျက်ရှိသူများအား ဖြန့်ဝေပေးခဲ့ကြောင်းနှင့် အဆိုပါ လက်ကမ်းစာစောင်များတွင် စိတ်ဖိစီးမှုနှင့်ဆိုင်သော အခြေအနေများ အပေါ် တုံ့ပြန်မှုသည် တစ်ဦးနှင်တစ်ဦး မတူညီသည့်အချက်များ၊ ကူးစက်ရောဂါတစ်ခု ကူးစက်ပျံ့ပွား နေစဉ်မှာ ဖြစ်ပေါ်နိုင်သည့် စိတ်ဖိစီးမှု လက္ခဏာများ၊ သင့်နှင့်သင့်အနီးမှာရှိသော အခြားသူများကို ပံ့ပိုးကူညီမှုအတွက် အဆင့်များစသည့် အသိပညာပေး အကြောင်းအရာများ ပါဝင်သော လက်ကမ်း အစောင်ရေ (၃၀၀)စောင်အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)