သာယာဝတီ နိုဝင်ဘာ ၅
၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာ(၈) ရက်နေ့၌ ကျင်းပမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်မဲဆန္ဒနယ် မြေများအတွင်း ဆန္ဒမဲပေးနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲရုံးက မဲလက်မှတ်၊ မဲစာရင်းနှင့် ဆက်စပ်ပစ္စည်းများထုတ်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါပစ္စည်းများကိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးခင်မောင်သင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များတို့က ရပ်ကွက်/ကျေးရွာပေါင်း (၆၉)အုပ်စုရှိ မဲဆန္ဒနယ်မြေ(၁)နှင့် မဲဆန္ဒနယ်မြေ(၂) မှ မဲရုံပေါင်း (၁၀၇) ရုံအတွက် မဲလက်မှတ်၊ မဲစာရင်းနှင့် ဆက်စပ်ပစ္စည်းများကို ရပ်ကွက်/ ကျေးရွာရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ အထူးရဲများထံ စနစ်တကျ ထုတ်ပေးခဲ့ကြောင်းသိရသည်။
သာယာဝတီမြို့နယ်တွင် ဆန္ဒမဲပေးရန် အတွက် မဲလက်မှတ်၊ မွေးစာရင်းနှင့် မဲရုံသုံးပစ္စည်းများကို ရပ်ကွက်ကျေးရွာ(၆၉)အုပ်စုသို့ အပြည့်အစုံထုတ်ပေးပြီးဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
သန့်ဇော်(သာယာဝတီ)