ဆိပ်ကြီးခနောင်တိုမြို့နယ်၌ (Quarantine) ဝင်ရောက်နေသူ မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေး

ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် (Quarantine) ဝင်ရောက်နေသူ မဲဆန္ဒရှင်များမှ  အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲပေးခြင်းကို ယမန်နေ့ နေ့လယ်က မြို့နယ်အတွင်းရှိ (Quarantine Center) များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့သည်။
အဆိုပါ ကြိုတင်မဲပေးရာတွင်  မြို့နယ်အတွင်းရှိ  ထ(ခွဲ)အလက(၁)နှင့် အမက(၃) Quarantine Center(၂)ခုတို့တွင်  (Quarantine) ဝင်ရောက်နေသည့် မဲဆန္ဒရှင် (၂၂) ဦးတို့က မဲဆန္ဒရှင်စာရင်း ပါဝင် သည့် ရပ်ကွက်အလိုက် ၎င်းတို့၏ သဘော‌ဆန္ဒအတိုင်း ကြိုတင်ဆန္ဒမဲများကို ပေးကြရာ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ Quarantine Center ကွပ်ကဲရေးရုံး တာဝန်ရှိသူ များက မဲပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)