ကျေးသီး နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် အသက်(၂)လမှ(၁)နှစ် ခွဲအထိ လစဉ်ပုံမှန်ကာကွယ်ဆေး ဆေးထိုး/ဆေးတိုက်ခြင်းကို မိခင်နှင့်ကလေးစောင့်ရှောက်ရေး ကျန်းမာရေးဌာန၌ ယနေ့နံနက်( ၉ )နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါကလေးများအား ပြင်းထန်တီဘီရောဂါ၊ အသည်းရောင် အသားဝါ၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျောရောဂါ၊ အဆုတ်၊ဆုံဆို့၊ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) စသည့် ကာကွယ်ဆေးများအား အသက်ပိုင်းခြားအလိုက် ကလေးသူငယ်များအား ဆေးထိုးဆေးတိုက်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းများကို လစဉ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သဲစုပိုင်(ပြန်/ဆက်)