ကွန်ဟိန်းမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ကွန်ဟိန်း နိုဝင်ဘာ ၅

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌  အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များ အားပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများကို  နိုဝင်ဘာလ(၅)ရက်နေ့၊ နံနက်(၈) ၃၀ မိနစ်အချိန်ခန့်က စတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်(၆၉)ဦးအား လစဉ်တစ်လခြား ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်း၊ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်(၃၂)ဦးအား ကျန်းမာရေးစစ်ဆေးပေးခြင်းများ ပြုလုပ်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် လမ်းညွန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

နန်းပြည်စန္ဒီမြင့်(ပြန်/ဆက်)