တန့်ယန်းမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲကြီးအတွက် ဆန္ဒပြုမဲလက်မှတ်များ ထုတ်ပေး

တန့်ယန်း  နိုဝင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ် နိုဝင်ဘာ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးအတွက် ဆန္ဒမဲပေးရာတွင် အသုံးပြုရန် မဲရုံသုံး ဆန္ဒပြု မဲလက်မှတ်များကို ယနေ့ နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၀ - ပြည့်နှစ်  ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မြို့နယ်တွင်း၌ မဲရုံပေါင်း (၇၉)ရုံရှိသည့် အတွက် မဲပုံး၊ ဆန္ဒပြုပုံးနှင့် မဲရုံသုံးပစ္စည်းများကို ထုတ်ပေးခဲ့ပြီး ယခုအခါတွင် ဆန္ဒပြု မဲလက်မှတ်များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးသစ်ထွန်းနှင့် တာဝန်ရှိသူတို့က ထုတ်ပေးလျက်ရှိရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ရပ်/ကျေးစာရေးများနှင့် တာဝန်ရှိသူများက လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။ 

မင်းလွင်ဦး(ပြန်/ဆက်)