မိုင်းယုမြို့ရှိ မဲရုံပြင်ဆင်ဆောက်လုပ်နေမှု အခြေအနေများအား ခရိုင်ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

 

မိုင်းယု  နိုဝင်ဘာ  ၆

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ ခရိုင် အုပ်ချုပ် ရေးမှူး ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် နယ်စပ်ဒေသ မိုင်းယုမြို့ရှိ မဲရုံပြင်ဆင်ဆောက်လုပ်နေမှု အခြေအနေများကို နိုဝင်ဘာ ၆ ရက်နေ့၊ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြသည်။

အဆိုပါ မဲရုံတည်ဆောက်နေမှုအခြေအနေများကို ခရိုင်ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေး စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မိုင်းယုဒေသအတွင်းရှိ မြို့မရပ်ကွက်တွင် မဲရုံ(၁)ရုံ၊ ဝမ်တာကြန့်ကျေးရွာတွင် မဲရုံ(၃)ရုံ၊ မိုင်းလွေကျေးရွာတွင် မဲရုံ(၂)ရုံနှင့် ဒွန်းနွဲ့ကျေးရွာတွင် မဲရုံ(၁)ရုံ စုစုပေါင်း မဲရုံပေါင်း(၇)ရုံတို့အတွက် သတ်မှတ်ထားနေရာများ၌ အဆင်‌ပြေစွာ ပြင်ဆင်ဆောက်လုပ်နေမှုနှင့် မဲပေးစဉ်အချိန်၌ မဲရုံနှင့် သက်ဆိုင်ရာ မဲရုံတာဝန်ကျအဖွဲ့ဝင်များ၊ မဲဆန္ဒရှင်ပြည်သူများအား လုံခြုံရေးစိတ်ချစွာ ကျင်းပနိုင်ရန် မဲရုံလုံခြုံရေးတာဝန် စီမံချထားနိုင်ရေးတို့ကို ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ဆက်လက် ပြင်ဆင် ဆောင်ရွက် ထားကြရန် မှာကြားခဲကြသည်။

မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့တွင် မဲရုံစုစုပေါင်း ၆၈ ရုံဖြင့် ကျင်းပမည်ဖြစ်ရာ အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ဦးရေ ၂၇၁၉၁ ဦးရှိပြီး နယ်စပ်ဒေသ မိုင်းယုမြို့တွင် မဲရုံ(၇)ရုံ ပြင်ဆင်ထားကာ အသက်(၁၈) နှစ်ပြည့်ပြီးသူ မဲဆန္ဒရှင်ပြည်သူစုစုပေါင်း(၂၂၉၁)ဦးရှိကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)