ညောင်တုန်းမြို့၌ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ (၅/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ညောင်တုန်း   နိုဝင်ဘာ    ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည် ဖော်ရေး‌ကော်မတီ (၅/၂၀၂၀) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲအကောင် အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးမိုးကျော်သူက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သီတာစမ်းက မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော် ရေးကော်မတီ ပြန်လည်ဖွဲ့စည်းနိုင်ရေး၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ရင်းနှီးမြုပ်နှံမှုဖြင့် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ အခြေအနေနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ကဏ္ဍအလိုက် စီမံကိန်းရည်မှန်း ချက်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များအား မြို့နယ်စီမံကိန်း ရေးဆွဲအကောင် အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်နှင့် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်းတို့က ပေးအပ်ခဲ့ရာ ကဏ္ဍအလိုက် ဌာနများမှတာဝန်ရှိသူများက လက်ခံရယူပေးခဲ့ကြောင်း သိရသည်။                                                                                                                                               

ဝဠာနိုင် (ညောင်တုန်း)