မြင်းခြံမြို့တွင် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းသူများအား မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပေး

မြင်းခြံ နိုဝင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် နာမကျန်းသူများအား မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် အိမ်တိုင်ရာရောက် လိုက်လံဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်မှ စတင်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မဲရုံသို့ ကိုယ်တိုင်လာရောက်ပြီး ဆန္ဒမဲမပေးနိုင်သည့် အသက် (၆၀) နှစ် အထက် သက်ကြီးဘိုးဘွားများ၊ နာမကျန်းဖြစ်သူများ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် ကျန်းမာရေးနှင့် အညီ လုံခြုံဘေးကင်းစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဌနှင့် မဲရုံအဖွဲ့ဝင်များ၊ မဲရုံစောင့်ကြည့်ရေးအဖွဲ့ဝင်များပါဝင်သော အဖွဲ့များက အိမ်တိုင်ရာ ရောက် ဆန္ဒမဲပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးစိန်ဌေးဝင်း ထံက သိရသည်။

မြင်းခြံမြို့နယ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရက် ပါတီစုံ အထွေထွေရွေး ကောက်ပွဲအ တွက် မဲရုံ ပေါင်း (၂၇၆) ရုံဖြင့် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ သိန်း သောင်းကျော် ရှိကြောင်း သိရှိရသည်။                                                                            

ကျော်စွာ(မြင်းခြံ)