ဝေါလေမြိုင်မြို့၌ မဲရုံကြီးကြပ်ကွပ်ကဲရေး ဆင့်ပွားသင်တန်းပို့ချ

ဝေါလေမြိုင် နိုဝင်ဘာ ၆

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝေါလေမြိုင်မြို့ရှိ မဲရုံများတွင် တာဝန် ထမ်းဆောင်မည့်သူများအား မဲရုံကြီးကြပ်ကွပ်ကဲရေး ဆင့်ပွားသင်တန်းပို့ချခြင်းကို ယနေ့နံနက် ၉ နာရီက ဝေါလေမြိုင်မြို့မဲရုံများ၌ အသီးသီး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆင့်ပွားသင်တန်းပို့ချရာတွင် မဲရုံမှူးများက မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူ၊ မဲလက်မှတ်ထုတ်ပေးသူ၊ လုံခြုံရေး၊ မှင်တို့သူ၏ တစ်ဦးချင်း ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်း ပြောကြားပြီး ကိုဗစ်-၁၉ရောဂါကူးစက်မှု မဖြစ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား လိုက်နာကြရန်  အသိပေးပြောကြား ခဲ့ကြောင်း သိရသည်။

နိုင်မျိုးသင်း(ပြန်/ဆက်)