ခိုင်ကမ်းမြို့၌ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများကြိုတင်ပြင်ဆင်ထားမှု အခြေအနေများကွင်းဆင်းစစ်ဆေး

ခိုင်ကမ်း နိုဝင်ဘာ  ၆           

ချင်းပြည်နယ် ဖလမ်းခရိုင် ခိုင်ကမ်းမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျပြင်ဆင်ထားရှိမှု အခြေအနေများကိုယနေ့ နံနက်ပိုင်းတွင် စတင်၍ တာဝန်ရှိသူ များမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ခိုင်ကမ်းမြို့ အုပ်ချုပ်ရေးမှူး ဦးလှမျိုးဦးဆောင်၍ တာဝန်ရှိသူများ က မြို့အတွင်းရှိ ရပ်ကွက်လေးခုမှ ဖွင့်လှစ်ထားရှိသည့်  မဲရုံ  ၄ ရုံတို့တွင် မဲရုံသုံးပစ္စည်းများ ခင်းကျင်းထားရှိမှု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကြိုတင်ပြင်ဆင်ထားရှိမှု တို့ကိုလိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ပြီးမဲရုံသို့ လာရောက် ဆန္ဒမဲပေးမည့်သူများ စနစ်တကျ လက်ဆေးစေခြင်း နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာမှ တန်းစီနိုင်ရေးအတွက် အမှတ်အသားများ ဆောင်ရွက်စေခြင်း ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ရန် နှင့်အခြားလိုအပ်ချက်များညှိနှိုင်းမှာကြားခဲ့ကြောင်းသိရသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)