ပြင်ဦးလွင် ၊ နိုဝင်ဘာ ၆
၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ ( ၈) ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ် မည်ဖြစ်ရာ ငြိမ်းချမ်းစွာဖြင့် ပြည်သူများ ဆန္ဒမဲပေးနိုင်ရန် ရည်ရွယ်၍ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံမှု ရှိစေရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ဖွင့်လှစ်ထားရှိသော မဲရုံများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည် ။
ပြင်ဉီးလွင်မြို့နယ်အတွင်းရှိ ရပ်ကွက် (၂၁) ရပ်ကွက် နှင့် ကျေးရွာ (၃၇ ) အုပ်စုတွင် မဲရုံစုစုပေါင်း (၂၀၀) ရုံ ဖွင့်လှစ်ထားရှိရာ ပြည်သူများ တည်ငြိမ်အေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေး ကြိုတင်စီစဉ်ထားသော မဲရုံများအား မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရန်နှင့် မီးဘေးမတော်တဆ ဖြစ်ပွားမှုရှိခဲ့ပါက အလွယ်တကူ မီးငြိမ်းသတ်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့သည် ။
အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းကို ပြင်ဉီးလွင်မြို့နယ်မီးသတ်ဉီးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်မ ျားက ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးများနှင့် ဒုတိယမဲရုံမှူးများ ၊ ရဲတပ်ဖွဲ့ဝင်များအား မီးသတ်ဆေးဘူးအသုံးပြုနည်းအဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်း သရုပ်ပြသခဲ့ကြောင်း တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက် အရသိရသည်။
ဇော်မျိုးထိုက် ( ပြင်ဦးလွင် )